“အရိပ်မဲကြီးခြောက်လှန့် သောအခါ”
“အရိပ်မဲကြီးခြောက်လှန့် သောအခါ”
တပည့်= “အဟွတ် --အဟွတ် - ဆရာ -- ဆရာ တနိုင်ငံလုံးသွေးတွေဆိုပါလားဆရာ”
သန်းရွှေ= သောက်သုံးမကျတဲ့ကောင် ဘယ်မှာလဲကွ
တပည့်= မဲရုံမာ၊ ကျောင်းတွေမာ၊ ဈေးတွေမာ အဲအဲ မြင်လေတိုင်းမာ ကျနော်ကိုယ်တိုင်
မြင်ခဲ့ဒါ ခင်ဗျ
သန်းရွှေ= ဟဲ့အသုံးမကျတဲ့ကောင် မင်းဒီလောက်တောင်ဘာလို့ ကြောက်စိတ်ဝင်နေ
ရဒါလဲကွ၊ ၂၀၀၇ မာ ဘုန်းကြီးတွေကိုသတ်ပစ်ခဲ့ဒါတောင် ငါဂရုမစိုက်ပဲ၊ ဒါ
လေးလောက်နဲ့ များ။
မင်းဆယ်စုနှစ်တခုကျော်လောက်ကတည်းက မျိုးဆက်သစ်တခုကိုတို့ 
ကွမ်းစားခိုင်းပြီးပုံသွင်းထားဒါ မင်းမေ့သွားပလား။
နိုင်ငံခြားက ကောင်တွေလာရင် ၁၉၈၈ သွေးချောင်းစီးလူသတ်ပွဲ၊ ၂၀၀၇
ရွှေဝါရောင်ဆိုတဲ့ဘုန်းကြီးတွေကိုပစ်သတ်လို့ ထွက်တဲ့သွေးမဟုတ်ဖူးကွမ်း
စားထားလို့ ကွမ်းတတွေးတွေပါလို့ သက်သေပြဖို့ အတွက်လေကွာ မင်းမေ့
သွားပလား ငါတို့ ရဲ့တချက်ခုတ် ၂ ချက်ပြတ် ငါတို့ ပလန်လေ။
ကွမ်းစား အဆုပ်ကင်ဆာဖြစ်လို့ သေ အဲလိုမျိုးပုံသွင်းပီး ကွမ်းတတွေး
နဲ့ တနိုင်ငံလုံးနီရဲနေတော့မှ ပိုင်ပြီဆိုပြီးဒီရွေးကောက်ပွဲတွေကို အပိုင်ထုဒါ။
မင်းဒါတွေမေ့သွားပလား မရူးစမ်းပါနဲ့ တပည့်ရာ အပိုင်ဆိုမှ အပိုင်ဘဲကွ။
ငါတို့ ရဲ့ပလန် ဘလောက်အောင်မြင်ဆို BBC, VOA မြန်မာပိုင်းဌာနက လူ
တွေတောင်ကွမ်းစားနေကြပြီတဲ့ကွ ဒါကြောင့် မနှစ် ၂၀၁၁ ခု “ဒီဇင်္ဘာ ၃၁
က ရခိုင်တွေရဲ့ နယ်ချဲ့ဆန့် ကျင်ရေးလှုပ်ရှားမှုတွေ၊ ကိုလိုနီဖျက်သိမ်းရေးလှုပ်
ရှားမှုတွေကို ကွမ်းလေးတမြုံမြုံစားပြီး မသိချင်ယေါင်ဆောင်နှိုင်ခဲ့ကြဒါပေါ့
တပည့်ရ။
ဒါပေမဲ့ရခိုင်ကိုတော့ ငါနဲနဲကြောက်တယ် ဘာကြောင့်ဆို ဒီလူမျိုးက
သိပ်သမိုင်းကြီဒါကွ၊ အနောက်ဖက်စစ်မျက်နှာကို သူတို့ လက်နက်မကိုင်
လက်နက်ကိုင်လှုပ်ရှားမှု ဒီလှုပ်ရှားမှု ၂ ရပ်အတိုင်းအတာ တခုအထိပေါင်း
မိသွားလို့ ကတော့ အလယ်ပိုင်းမာ တို့ တွေထန်းရေသောက်ဖို့ အခွင့်အရေး
လုံးဝ မရတော့မှာသေချာတယ်တပည့်ရေ။
မင်းလဲ ချောင်းတဟွတ် တဟွတ်ဆိုးနေတော့ ကိုယ့်ထောင်ချောက်မာကိုယ်
မိပီး အဆုပ်ကင်ဆာနဲ့ ကြွမသွားရလေအောင် ဆရာဝန်ဆီသွားပြမှဖြစ်လိမ့်မယ်
တပည့်ရေ။
ကဲကမ္ဘာမကြေဗမာပြည် သီချင်းကို ဒို့ ဆက်ဆိုကြအုံးစို့ -----
တပည့် = ဟုတ်ကဲ့ပါခင်ဗျား
တပည့် + ဆရာ = “ကမ္ဘာမကြေဗမာပြည်------
---------------------------
ကောက်ကျစ်စဉ်းလဲတဲ့ ဗမာနယ်ချဲ့ စံနစ် မုချကျဆုံးရမည် !!!
ခိုင်ရိုးမ
၁ - ၄ - ၂၀၁၂

0 Comments:
Post a Comment
<< Home